Thursday, April 02, 2009

ဘ၀လမ်း



ငါမတွေ့ချင်တဲ့သူတွေနဲ့ ဘယ်တော့မှ မတွေ့ပါရစေနဲ့

ငါမမြင်ချင်သူတွေနဲ့လဲ ဘယ်တော့မှ မဆုံပါရစေနဲ့

ငါမကြိုက်တဲ့သူတွေကိုလဲ ဘယ်တော့မှ မကြည့်ပါရစေနဲ့

ငါဟာ မပြုံးတတ်တဲ့ မျက်ကန်းတစ်ယောက်ပါပဲ



ဒါပေမယ့် သူတို့ရဲ့အလည်မှာ ငါရှိနေဆဲ

ဒါပေမယ့် ငါသူတို့နဲ့ ခပ်ကင်းကင်းနေနိုင်ပါရဲ့

ဒါပေမယ့် သူတို့ကို ငါမြင်နေရတုန်းပဲ်


ငါ့မျက်လုံးအစုံက ကန်းနေပေမယ့် ငါ့အပေါ် သူတို့ ပြုမူ သမျ လုပ်ခဲ့သမျတွေကို ပြန်တွေးတိုင်း ငါ့နာကျင်မူတွေကို ငါ့စိတ်ထဲက ပြန်မြင်ယောင် အမှတ်ရနေတုန်းပဲ

သိပ်မကြာခင်ကလေးကပဲ ငါ့လက်ကိုင်ဖုန်းလေးကို ပေါက်ခွဲပြီး ငါ့စိတ်တွေကို အဆုံးအထိ ပေါက်ကွဲလိုက်ပေမယ့် သိပ်တော့လည်း မထူးပါဘူး အခုချိန်အထိကို ငါ စိတ်တွေကို ငါတည်ငြိမ်အောင် မလုပ်နိုင်သေးဘူး

ညတာတွေကလဲ ရှည်လျားလွန်းလိုက်တာများကွယ် အိပ်မပျော်တဲ့ ငါ့အတွက် ဘာအဓိပါယ်မှာကို မရှိတော့ဘူး။

ဘုရားရေ ငါငရဲပြည်ကို ရောက်နေရသလိုပါပဲလား လက်တွေ့ဘ၀မှာတော့ လူတွေဟာ တစ်ချို့ အချိန်ပိုင်းတွေလောက်ပဲ ငရဲပြည်က လွတ်မြောက်ခွင့်ရမယ် ထင်ပါရဲ့



ဒီတော့ မင်းစိတ်တွေ ပြန်ပြီး ထူထောင်နိုင်ဖို့ မင်းစိတ်ကို မင်းကိုယ်တိုင်ပဲ တည်ဆောက်ရမှာပဲ..

ဘာသာပြန်၊ မဆုမွန်

No comments: